democracy, Democratic transitions

ရန်ကုန်အလွန် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ – စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှ စည်ပင်သာယာရေး ဥပဒေမူဘောင်ဆိုင်ရာ ဆွေးနွေးပွဲများ

 

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲဥပဒေမူဘောင်ပြောင်းလဲမှုတွေနှင့်အတူ မြန်မာတနိုင်ငံလုံးမှ စည်ပင်သာ ယာရေးအဖွဲ့များတွင် ဗဟိုချုပ်ကိုင်မှုလျော့ချနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ ဗဟိုချုပ်ကိုင်မှုလျော့ချရေး မြှင့်တင်နိုင်စေရန် ပြည်နယ်နှင့်တိုင်းများတွင် ဒီမိုကရေစီနည်းကျ စည်ပင်ရွေးကောက်ပွဲဥပဒေမူဘောင်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍  ဥရောပသမဂ္ဂ၏ရန်ပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်နေသော STEP DEMOCRACY (ရှေ့သို့မြန်မာ) အစီအစဉ်၏ မိတ်ဖက်အဖွဲ့များဖြစ်သည့် ပါတီနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) ၊ Democracy Reporting International(DRI)တို့နှင့်အတူ နယူးမြန်မာဖောင်ဒေးရှင်းတို့ပူးပေါင်းကာ “စည်ပင်သာယာ ရွေးကောက်ပွဲမူဘောင် အလွှာစုံဆွေးနွေးပွဲများအား ၂၀၁၈၊ နိုဝင်ဘာလ၁၅ နှင့် ၁၆ရက်များတွင် စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်းကောင်း၊  နိုဝင်ဘာလ ၁၉၊ ၂၀ တွင် မန္တလေးမြို့တို့တွင် အသီးသီးကျင်းပခဲ့ပါသည်။

Multi-stakeholder municipal legal framework workshops in Monywa and Mandalay

Multi-stakeholder municipal legal framework workshops in Monywa and Mandalay

 

စစ်ကိုင်းတိုင်းတွင် စည်ပင်ဥပဒေအသစ်အား ဇူလိုင်လတွင် အတည်ပြုခဲ့ပြီး ယခုကာလမှာ စည်ပင်နည်းဥပဒေ ရေးဆွဲနေသည့်ကာလဖြစ်ပြီး၊ စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေကိုလည်း နည်းဥပဒေထဲတွင် ထည့်ဆွဲသွားမည်ဟု သိရပါသည်။ ယခုဆွေးနွေးပွဲမှ ဆွေးနွေးချက်များသည် မိမိတို့နည်းဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်များကို အလွန်ပင်အထောက်အကူပြုကြောင်း စစ်ကိုင်းတိုင်းစည်ပင်သာရေးအဖွဲ့၊ နည်းဥဒေရေးဆွဲရေး ကော်မတီအဖွဲ့ဝင်မှ ဆိုပါသည်။

ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၏ အရေးပါပုံနှင့်၊ လုထုနှင့်တွေ့ဆုံဆွေးနွေးပွဲများ၏ အရေးပါပုံအား ပြောကြားကာ၊ “လက်ရှိကျင့်သုံးနေသော စည်ပင်သာယာရေးဥပဒေများ အလုပ်ဖြစ်မဖြစ်နှင့်၊ မည်သည့်အပိုင်းများအား ပြုပြင်ရန်လိုအပ်မည်ကို ပြည်သူ့အသံနားထောင်ကာ” ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရန်အတွက် လွှတ်တော်မှ  စည်ပင်သာယာရေး ဥပဒေဆိုင်ရာကြားနာပွဲအား ဒီဇင်ဘာလထဲတွင် ပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦတင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။ “ယခုလို STEP Democracy မှ ဦးဆောင်ကျင်းပပေးသည့် စည်ပင်ရွေးကောက်ပွဲမူဘောင် ဆွေးနွေးပွဲသည်လည်း အနာဂတ်တွင်ကျင်းပမည့် စည်ပင်သာယာရွေးကောက်ပွဲများ ဒီမိုကရေစီနည်းကျ ကျင်းပနိုင်စေရန်သာမက၊ လိုအပ်သည့် ဥပဒေမူဘောင်များ ပြင်ဆင်ဖြည့်စွက်ခြင်းအထိပါ အားဖြည့်ကူညီပေးရာရောက်ကြောင်း”ကို ဦတင်ဝင်းမှ ဆက်လက်ပြောကြားပါသည်။

 

Multi-stakeholder municipal legal framework workshops in Monywa and Mandalay

Multi-stakeholder municipal legal framework workshops in Monywa and Mandalay

ဆွေးနွေးပွဲများတွင် မတူညီသည့်ရှူထောင့်မျိုးစုံပါဝင်စေရန် STEP Democracy အနေဖြင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် အစိုးရဌာနမှ ကိုယ်စားလှယ်များအား မုံရွာနှင့်မန္တလေးမြို့များသို့ ဖိတ်ခေါ်ကာ အတူတကွဆွေးနွေးစေပါသည်။ နိုင်ငံတကာရွေးကောက်ပွဲမူဘောင်များ၏ အခြေခံသဘောတရားများအား တင်ပြပြီးနောက်၊ လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများအား ပြန်လည်သုံးသပ်ကာ၊ တက်ရောက်လာသူများမှ ဖြစ်နိုင်ချေရှိသော ပြုပြင်နိုင်မည့်အချက်များအား ဆွေးနွေးခဲ့ကြသည်။

 

STEP ဒီမိုကရေစီအစီအစဉ်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၊ လွှတ်တော်များအနေဖြင့် ဒေသန္တရအဆင့်ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲမူဘောင်များ  ပြုပြင်ရေး လုပ်ငန်းစဉ်များတွင်  နည်းပညာ အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးခြင်းဖြင့် လာမည့်နှစ်များတွင်လည်း ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

 

Multi-stakeholder municipal legal framework workshops in Monywa and Mandalay

Multi-stakeholder municipal legal framework workshops in Monywa and Mandalay