democracy, Democratic transitions, News

၂ဝ၁၇ ခုနှစ်ဒီမိုကရေစီနေ့။ ။မြန်မာနိုင်ငံ၏ဒီမိုကရေစီအပေါ်ရှုမြင်သုံးသပ်ချက်များ

ဒသမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကိုဂုဏ်ပြုသောအားဖြင့် ရှေ့သို့မြန်မာအစီအစဉ်၏မိတ်ဖက်အဖွဲ့အစည်းများသည် လူမှုကွန်ရက်မီဒီယာလှုပ်ရှားမှုတစ်ခုနှင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပေါ်ထွန်းအကောင်အထည်ဖော်ခြင်းနှင့်ပက်သက်သည့်ဆွေးနွေးပွဲအား စီစဉ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသည် မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်ဖျားသောဒေသများတွင်လုပ်ဆောင်လျက်ရှိသော ရှေ့သို့မြန်မာအစီအစဉ်၏လုပ်ငန်းများကို မီးမောင်းထိုးပြနိုင်ခဲ့သည်။

အခမ်းအနားတွင် ဒီမိုကရေစီအကူးအပြောင်းကာလအတွင်း မြန်မာနိုင်ငံ၌ကြုံတွေ့ခဲ့ရသည့်တိုးတက်မှုများအတွက် ဂုဏ်ပြုခြင်းပါရှိသည့်အပြင် တက်ရောက်လာကြသူများအား အားလုံးပိုမိုပါဝင်သည့်နိုင်ငံတစ်ခုဖြစ်စေရန်တည်ဆောက်ကြရာတွင် ကျန်ရှိနေသေးသည့်စိန်ခေါ်မှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအား ‘ဒေသအဆင့်ရှိဒီမိုကရေစီ’ အမည်ရှိစကားဝိုင်းဆွေးနွေးပွဲနှင့် အမေးအဖြေကဏ္ဍတို့မှတဆင့် ဖော်ထုတ်စေနိုင်ခဲ့ပါသည်။

တက်ရောက်လာသူတစ်ဦးမှ ဆွေးနွေးပွဲအဖွဲ့ဝင်များအား အမေးအဖြေကဏ္ဍအတွင်း မေးခွန်းမေးမြန်းနေပုံ။

တက်ရောက်လာသူတစ်ဦးမှ ဆွေးနွေးပွဲအဖွဲ့ဝင်များအား အမေးအဖြေကဏ္ဍအတွင်း မေးခွန်းမေးမြန်းနေပုံ။ (ဓါတ်ပုံ – International IDEA)

ဆွေးနွေးပွဲ၏အဓိကအကြာင်းအရာများတွင်

  1. – ဒီမိုကရေစီလုပ်ငန်းစဉ်တွင် အစိုးရ၏ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တာဝန်ခံယူမှုရှိခြင်းတို့၏အရေးကြီးပုံ
  2. – အစိုးရအဖွဲ့အ တွင်း ဆုံးဖြတ်ချက်များချမှတ်ရာတွင် အားလုံးပါဝင်ကာဆုံးဖြတ်ချက်ချခြင်းကိုလုပ်ဆောင်ရန် တိုက်တွန်းအားပေးမှုလိုအပ်ပုံ
  3. – ဖက်ဒရယ်စနစ်၊ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် လာမည့် ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးမှုများ
  4. – အစိုးရနှင့်ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် လူထု၏ယုံကြည်မှုကိုမြှင့်တင်နိုင်မည့်နည်းလမ်းများ စသည်တို့ပါဝင်ပါသည်။

လူမှုကွန်ရက်မီဒီယာ – ၂ဝ၁၇ ခုနှစ်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့

လူမှုကွန်ရက်မီဒီယာလှုပ်ရှားမှု (သြဂုတ်လ ၂၇ ရက်၊ ၂ဝ၁၇ ခုနှစ် – စက်တင်ဘာလ ၁၄ ရက်၊ ၂ဝ၁၇ ခုနှစ်)။     ။စက်တင်ဘာလ ၁၄ ရက်နေ့တွင်ကျင်းပခဲ့သည့်အခမ်းအနားမတိုင်ခင်က ရှေ့သို့မြန်မာအစီအစဉ်၏လူမှုကွန်ရက်စာမျက်နှာတွင် သုံးပတ်ကြာမြင့်သောလူမှုကွန်ရက်မီဒီယာလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ရှေ့သို့မြန်မာအစီအစဉ်၏မိတ်ဖက်အဖွဲ့အစည်းများထံမှ သင့်လျော်ရာ ကိုယ်တွေ့ဖြစ်ရပ်များကို ရေးသားမျှဝေခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူးချုပ်ဦးတင်ထွန်း၏ကိုယ်ရေးအကျဉ်းနှင့် ဒီမိုကရေစီအကူးအပြောင်းတွင်ပါဝင်ခဲ့ပုံအကြောင်းရေးသားထားသည့်အကြောင်းအရာအား လူပေါင်း ၁၇၄၂၄ ဦးမှဖတ်ရှုခဲ့ကြပြီး ၁၂ဝ ဦးကမျှဝေခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူးချုပ်ဦးတင်ထွန်း၏ကိုယ်ရေးအကျဉ်းနှင့် ဒီမိုကရေစီအကူးအပြောင်းတွင်ပါဝင်ခဲ့ပုံအကြောင်းရေးသားထားသည့်အကြောင်းအရာအား လူပေါင်း ၁၇၄၂၄ ဦးမှဖတ်ရှုခဲ့ကြပြီး ၁၂ဝ ဦးကမျှဝေခဲ့သည်။ (ဓါတ်ပုံ – International IDEA)

အခမ်းအနားရှိဓါတ်ပုံနှင့်ဗီဒီယိုရုံများ (စက်တင်ဘာလ ၁၄ ရက်)။     ။အခမ်းအနားတွင် တက်ရောက်လာသူဧည့်သည်များ ဓါတ်ပုံနှင့်ဗီဒီယိုများရိုက်ကူးကာ ဒီမိုကရေစီလုပ်ငန်းစဉ်အတွင်း မိမိတို့၏အတွေ့အကြုံများကိုမျှဝေနိုင်သည့်ဓါတ်ပုံနှင့်ဗီဒီယိုရုံများ စီစဉ်ပါရှိခဲ့ပါသည်။ ရှေ့သို့မြန်မာအစီအစဉ်၏လူမှုကွန်ရက်စာမျက်နှာမှ အဆိုပါဓါတ်ပုံနှင့်ဗီဒီယိုများကိုရွေးချယ်ဖော်ပြသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ၏သံအမတ်ကြီးကလည်း ဓါတ်ပုံနှင့်ဗီဒီယိုရုံတစ်ခုတွင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ၏သံအမတ်ကြီးကလည်း ဓါတ်ပုံနှင့်ဗီဒီယိုရုံတစ်ခုတွင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ (ဓါတ်ပုံ – International IDEA)

လူမှုကွန်ရက်စာမျက်နှာအသုံးပြုသူတစ်ဦးက #DemocracyDay2017Myanmar hashtag ကိုအသုံးပြုကာမျှဝေခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာအသုံးပြုသူတစ်ဦးက #DemocracyDay2017Myanmar hashtag ကိုအသုံးပြုကာမျှဝေခဲ့သည်။ (ဓါတ်ပုံ – International IDEA)