democracy, Democratic transitions, publications

Democratic Constitutions လက်စွဲစာအုပ်နှင့် Myanmar Democracy Fellowship အစီအစဉ်အား မိတ်ဆက်ခြင်း

Democracy Reporting International (DRI) အဖွဲ့သည် Myanmar Knowledge Society နှင့်အတူ Democratic Constitutions လက်စွဲစာအုပ်အား မတ်လအတွင်းက မိတ်ဆက်ခဲ့ပါသည်။ Knowledge Propagation Society (Mandalay)၊ မွန်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် (မော်လမြိုင်)၊ ဧရာဝတီတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် (ပုသိမ်)တို့နှင့်ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီးသည့်နောက် မတ်လအတွင်းတွင် လက်စွဲစာအုပ်တွင်ပါဝင်သောခေါင်းစဉ်တစ်ခုဖြစ်သည့် “ဗဟိုမှချုပ်ကိုင်မှုကိုလျှော့ချခြင်းနှင့် အာဏာခွဲဝေခြင်း” အမည်ရှိ နှီးနှောဖလှယ်ပွဲတစ်ခုကိုကျင်းပကာ လက်စွဲစာအုပ်မိတ်ဆက်ခြင်းကို ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများအတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ဥပဒေကျောင်းသားပါဝင်ကာ ဒေသန္တရအစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်နှင့် institution တည်ဆောက်ပုံတို့ကိုအထူးပြုကာ ဗဟိုမှချုပ်ကိုင်မှုလျှော့ချထားသည့်စနစ်တွင် ဥပဒေပြုအာဏာကိုခွဲဝေခြင်းနှင့်ပက်သက်၍ ဆွေးနွေးခဲ့ကြသည်။

Democratic Constitutions လက်စွဲစာအုပ်တွင် ဒီမိုကရေစီကျသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် (အပိုင်း ၂) နှင့် ဒီမိုကရေစီကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မပါအဖြစ်အချက်များကို ဖော်ပြထားပြီး ကမ္ဘာတစ်ဝှမ်းလုံး၌အဆိုပါအချက်များကို မည်သို့သောနည်းလမ်းများဖြင့် ကာကွယ်ထားကြကြောင်း (အပိုင်း ၃) ကိုလည်း ဖော်ပြပါရှိသည်။ အဆိုပါစာအုပ်သည် ဒီမိုကရေစီကျသောဖွဲ့စည်းပုံအခြေခံဥပဒေအား ထိရောက်စွာအကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်တွေ့စဉ်းစားဖွယ်ရာများ (အပိုင်း ၄) ကိုလည်း မျှဝေထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသောအစိုးရတစ်ရပ်ရင်ဆိုင်ရသည့် လက်တွေ့စိန်ခေါ်မှုများကိုအထူးပြုကာ မြန်မာနိုင်ငံအတွက်သင့်လျော်သောအကြောင်းအရာများဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲခြင်းအကြား အစီအစဉ်များ၊ လူနည်းစု၏အခွင့်အရေးများကိုကာကွယ်ခြင်း၊ ဖက်ဒရယ်စနစ်၏ဒီဇိုင်း စသည့်အကြောင်းအရာများလည်း ပါဝင်သည်။ လက်စွဲစာအုပ်ကိုဖတ်ရှုလိုပါကာ http://www.stepdemocracy.eu/resources/ တွင် အခမဲ့ဒေါင်းလုတ်ရယူနိုင်ပါသည်။

DRI အဖွဲ့ဝင်များနှင့် Myanmar Democracy Fellowship သင်တန်းသားများ။ (ဓါတ်ပုံ - DRI)

DRI အဖွဲ့ဝင်များနှင့် Myanmar Democracy Fellowship သင်တန်းသားများ။ (ဓါတ်ပုံ – DRI)

အဆိုပါအလုပ်ရုံဆွေးနွေးပွဲများတွင် တက်ရောက်ပါဝင်ကြသူများသည် နိုင်ငံတစ်ဝှမ်းလုံးရှိ မူဝါဒပြောင်းလဲရေးတွင်ပါဝင်လိုသူများနှင့် ပါဝင်သူများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် Myanmar Democracy Fellowship အစီအစဉ်နှင့်ပက်သက်၍လည်း ပိုမိုလေ့လာခွင့်ရခဲ့သည်။ သင်ရိုး ၁ တွင် သင်တန်းတက်ရောက်သူများသည် ဒီမိုကရေစီနည်းကျစီမံခန့်ခွဲအုပ်ချုပ်ခြင်း၏အခြေခံများဖြစ်သည့် အနိမ့်ဆုံးဥပဒေစံသတ်မှတ်ချက်များ၊ ရေရှည်တည်တဲ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အစရှိသောသင်ခန်းစာများကို လေ့လာဆွေးနွေးနိုင်မည်ဖြစ်သည်။ သင်ရိုး ၂ တွင် နိုင်ငံတော်၏ institutions အချင်းချင်း ရေပြင်ညီအပြန်အလှန်ထိန်းကျောင်းခြင်းနှင့် ဒေါင်လိုက်အခြေအနေတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံကာ အာဏာခွဲဝေအသုံးပြုခြင်းတို့ အထူးပြုပါရှိမည်ဖြစ်သည်။ သင်ရိုး ၃ တွင် သင်တန်းသားများသည် အများပြည်သူဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို ကာကွယ်ခြင်းနှင့်မြှင့်တင်ခြင်းတို့အား လေ့လာနိုင်မည်ဖြစ်သည်။ သင်ရိုးတစ်ခုချင်းစီတွင် မိမိတို့၏အတွေးအမြင်ဗဟုသုတများကို အသုံးချနိုင်မည့်အခွင့်အလမ်း၊ မူဝါဒချမှတ်သူများစွာနှင့်လည်း အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးနိုင်မည့်အခွင့်အလမ်းများ ပါဝင်မည်ဖြစ်ပါသည်။ လျှောက်ထားရမည့်ကာလမှာ ဧပြီလ ၁၈ ရက်နေ့အထိဖြစ်ပြီး https://drive.google.com/drive/folders/1-JXTd5XDx7VyU3JmVR-UkAvDZKrkB_Fy တွင် အချက်အလက်အပြည့်အစုံကို ရယူနိုင်ပါသည်။