ဥရောပသမဂ္ဂရဲ့ ရံပုံငွေအကူအညီနဲ့ ဆောင်ရွက်နေတဲ့ STEP Democracy - ရှေ့သို့မြန်မာရဲ့ အစီအစဉ်တစ်ခုအနေနဲ့ DRI က အွန်လိုင်းအခြေပြုအရေးဆိုတောင်းဆို/စည်းရုံးလှုံ့ဆော်မှုဆိုင်ရာသင်တန်းကိုကျင်းပပြီးတဲ့နောက်မှာ သင်တန်းသားတွေအနေနဲ့ ဘာဗဟုသုတအသစ်တွေရလိုက်လဲ၊ ရရှိလိုက်တဲ့ဗဟုသုတတွေကိုရော သူတို့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချသွားမလဲဆိုတာကို အင်တာဗျူးအကျဉ်းချုပ်လေးမေးဖြစ်ခဲ့ပါတယ်၊၊ ဘာတွေ ဘယ်လိုဖြေသွားကြလဲဆိုတဲ့ အင်တာဗျူးအသေးစိတ်လေးကိုတော့ အောက်မှာ ကြည့်ကြည့်ကြရအောင်။ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အချက်အလက်ကိုအခြေပြုလှုပ်ရှားတဲ့ စည်းရုံးလှုံ့ဆော်မှုတွေအကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့ ပရိတ်သတ်တွေကို ပိုမိုထိရောက်စွာ ပစ်မှတ်ထားနိုင်တဲ့ နည်းစနစ်တွေနဲ့ လက်တွေ့အသုံးချနိုင်တဲ့ အကြံပေးချက်တွေကိုလည်း မျှဝေဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်းဒစ်ဂျစ်တယ်စည်းရုံးလှုံ့ဆော်ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေအကြောင်းဆွေးနွေးခဲ့သလို သူတို့အနေနဲ့ သုံးစွဲရလွယ်ကူတဲ့ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးတွေကို ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
Following up on online advocacy training for civic society organizations, implemented by Democracy Reporting International – DRI under the EU-funded STEP Democracy programme, we had a chance to interview participants to understand how they acquired new knowledge from the training and how they will use their knowledge in their academic and professional work. A focus of the webinar was data-driven campaigns, techniques for CSOs to target their audience more effectively as well as hands-on tips to meet advocacy campaign goals. CSOs discussed their challenges on digital advocacy and brainstormed how they can apply user-friendly digital tools for online advocacy on elections.
STEP Democracy ရဲ့ programme တွေထဲမှာ ပြည်သူ့နီတိနဲ့ မဲဆ္နရှင် အသိပညာပေး သင်တန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီသင်တန်းတွေမှာဆိုရင် ပုံမှန်အားဖြင့်တော့ အသက် ၁၈နှစ်အထက် လူငယ် လူလတ် လူကြီးပိုင်းတွေ တက်ရောက်ကြတာများပါတယ်။ သင်တန်းတွေမှာ တက်ရောက်သူတွေက ဒီမိုကရေစီ အခြေခံသဘောတရားတွေ၊ အခွင့်အရေးတွေ၊ တာဝန်နဲ့ ဝဋ်တရားတွေ၊ ရွေးကောက်ပွဲအကြောင်းတွေ၊ ဒီမိုကရေစီမှာ လူငယ်အခန်းကဏ္ဌ၊ သတင်းအချက်အလက်နဲ့ဆိုင်ရာတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဌ စတာတွေကို လေ့လာကြတာပါ။ မတ်လ ၁၃၊ ၁၄ရက်နေ့တုန်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ပြုလုပ်ပေးခဲ့တဲ့ သင်တန်းမှာဆိုရင် အမျိုးသမီးတွေအများစု တက်ရောက် သင်ယူခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း (IDP camp) ကနေ လာရောက်ပြီးတော့ သင်တန်းတက်ရောက်တဲ့ မလဘန်ဆိုင်းမိုင်လည်း ပါဝင် ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့က တက်ကြွတဲ့လူငယ်တစ်ဦးဖြစ်တဲ့ မကြလင်းမွန်ကတော့ ဇန်နဝါရီလ ၂၀-၂၁ ရက်တွေမှာ မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့ STEP Democracy - ရှေ့သို့မြန်မာ ရဲ့ ပြည်သူ့နီတိနဲ့ မဲဆန္ဒရှင် အသိပညာပေး သင်တန်းအပြီးမှာ သူဘာတွေ သင်ယူရရှိခဲ့လဲဆိုတာတွေ၊ သူ့ရဲ့အမြင်တွေကို မျှဝေခဲ့ပါတယ်။
Scholar Institute, through the EU funded STEP Democracy programme, implemented the programme’s newest curriculum on civic education ‘Nurturing the Leaders of Future Generations’ throughout August and September, 2019 at Htet Myat Htun and Shwe Pin private schools in Rakine State’s capital Sittwe. During the training we had a chance to interview students about the course and what they have learned. Su Wai Phyo shares her thoughts with us below.
STEP Democracy - ရှေ့သို့မြန်မာ အစီအစဉ်၏ သင်ရိုးညွှန်းတမ်းအသစ်တစ်ခုဖြစ်သော ပြုစုပျိုးထောင် မျိုးဆက်သစ်ခေါင်းဆောင် ပြည်သူ့နီတိ သင်ခန်းစာများကို စကော်လာ အင်စတီကျု အဖွဲ့မှ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ထက်မြက်ထွန်းနှင့် ရွှေပင် ကိုယ်ပိုင်ကျောင်းတို့၌ စတင် အကောင်အထည်ဖော် သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများကို တက်ရောက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းမှ မည်သည့်အရာများကို သင်ယူခဲ့ကြပြီး သင်ခန်းစာများအပေါ် သူတို့၏ အမြင်များကို မေးမြန်းခွင့်ရခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကျောင်းသူ မဆုဝေဖြိုးမှ သူမ၏ အတွေ့အကြုံ ထင်မြင်ယူဆချက်များကို ပြောပြထားပါသည်။