Severity: Warning
Message: Cannot modify header information - headers already sent by (output started at /home/sophiaf/public_html/application/frontend/controllers/videos.php:1)
Filename: libraries/Session.php
Line Number: 674
My Vote အစီအစဉ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြမယ့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ မဲပေးကြမလဲ၊ ဘာကြောင့်မဲပေးရမလဲဆိုတဲ့စတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အသိပညာပေးလုပ်ငန်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သော STEP Democracy မှ DVB သတင်းဌာနဖြင့် ပူးပေါင်း၍ အပတ်စဉ်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုတင်ဆက်မှု အစီအစဉ်မှာဆိုရင် နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးမယ့် သူတွေအကြောင်း သတင်းအချက်အလက်တွေ၊ မဲဘယ်လိုပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး STEP Democracy - ရှေ့သို့မြန်မာရဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ပညာအင်စတီကျူး က တင်ဆက်ထားပါတယ်။ ပထမဆုံးအကြိမ်မဲပေးမယ့် တိုင်းရင်းသူ တစ်ယောက်ရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ် နားလည်သဘောပေါက်မှုတွေကိုလည်း ကြားသိရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကယားပြည်နယ်မှာပြုလုပ်ထားတဲ့ လဖက်ရည်စကားဝိုင်းအစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။
The EU-funded STEP Democracy program is producing a TV series “My Vote”, a voter education program for the 2020 general election, in collaboration with DVB. This episode includes the news about advance voting for out of country voters. STEP Partner, the Scholar Institute highlights how to vote. It includes mini documentary from a first time voter from an ethnic minority who shares her opinion and understanding of Election and Democracy and a tea-talk between Kayah State UEC Sub-commission member and voters.